AsianDating အသိုင်းအဝိုင်း လမ်းညွှန်ချက်မျာ

သင့်အား ဘေးကင်းသော အွန်လိုင်းတွင်ချိန်တွေ့သည့် ပတ်ဝန်းကျင်ကို ပေးရခြင်းအတွက် AsianDating က ဂုဏ်ယူပါသည်။ မန်ဘာများအနေဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဖြင့် ပြန်လှန်ဆက်သွယ် အသုံးပြုရာတွင် တစ်ဦးနှင့်တစ်ဦး လေးစားကြရန်နှင့် စိတ်သဘောထားပြည့်ဝကြရန် တိုက်တွန်းပါသည်။

ဤအသိုင်းအဝိုင်း လမ်းညွှန်ချက်များ ကျွန်ုပ်တို့၏ အသုံးပြုရန် စည်းမျဉ်းများ နှင့်အတူ ဖတ်သင့်ပါသည်။ ဤအသိုင်းအဝိုင်း လမ်းညွှန်ချက်များကို ချိုးဖောက်သော မည်သူကိုမဆို သင်တွေ့ရှိပါက ကျွန်ုပ်တို့ထံ ချက်ချင်းတိုင်ကြားပေးပါ။ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်း လမ်းညွှန်ချက်များအား ချိုးဖောက်ခြင်းအတွက် နောက်ဆက်တွဲများသည် ချိုးဖောက်မှု မည်မျှပြင်းထန်သည်နှင့် မန်ဘာ၏ ယခင်အပြုအမူတို့အပေါ် မူတည်ကာ ကွဲပြားပါသည်။ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်း လမ်းညွှန်ချက်များအား ပြင်းထန်စွာချိုးဖောက်ပါက ချိုးဖောက်သည့်အကောင့်အား အဆုံးသတ်လိုက်ခြင်း နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအား နောင်တွင်အသုံးမပြုနိုင်တော့ရန် ပိတ်ပင်ခံရခြင်းတို့ ဖြစ်နိုင်ပါသည်။

ကျွန်ုပ်တို့ အသိုင်းအဝိုင်း လမ်းညွှန်ချက်များတွင် အောက်ပါတို့ ပါဝင်ပါသည် -

ပရိုဖိုင်တွင် တင်သည့်အရာနှင့် အသုံးပြုမှု

အသုံးပြုနိုင်မှု

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို စာရင်းသွင်းကာ အသုံးပြုနိုင်ရန်အတွက် သင်သည် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရပါမည်။

ပရိုဖိုင် တိကျမှု

တိကျမှန်ကန်သော သတင်းအချက်အလက်ကိုပေးရန် မန်ဘာများအား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ သင်သည် တစုံတယောက်အဖြစ် ထင်မြင်စေရန် လိမ်လည်ခြင်း၊ အသက် သို့မဟုတ် အိမ်ထောင်ရေးအခြေအနေကို မမှန်မကန် ဖော်ပြခြင်း သို့မဟုတ် မှားယွင်းသော သို့မဟုတ် တနည်းနည်းဖြင့် အထင်မှားစေသော သတင်းအချက်အလက်ကို သင့်ပရိုဖိုင်တွင်တင်ခြင်းတို့ကို မပြုလုပ်ရပါ။

ပရိုဖိုင် သတင်းအချက်အလက်

(သင့်အမည်၊ ပရိုဖိုင်ခေါင်းစဉ်နှင့် ပရိုဖိုင်စာသားတို့ အပါအဝင်) သင့်ပရိုဖိုင်တွင် စော်ကားသော၊ အမုန်းတရားကိုဖြစ်စေသော၊ ညစ်ညမ်းသော၊ တရားမဝင်သော သို့မဟုတ် မသင့်လျော်သော အကြောင်းအရာများ မပါဝင်ရပါ။ သင့့်ပရိုဖိုင်တွင် တင်ထားသောအရာသည် အကြမ်းဖက်မှုကို အားပေးလှုံ့ဆော်ခြင်း၊ နိုင်ငံရေး ဆွေးနွေးခြင်း၊ ကြမ်းကြုတ်မှုကို ထောက်ခံခြင်း သို့မဟုတ် ကိုယ်တိုင်ထိခိုက်စေမှုကို ထောက်ခံခြင်းတို့ မပါဝင်ရပါ။

ပရိုဖိုင် အမျိုးမျိုးမဟုတ်ခြင်း

အကောင့်အများအပြားကို သင်မပြုလုပ်ရပါ။ ကျွန်ုပ်တို့ ဦးစီးလုပ်ဆောင်သော ဝဘ်ဆိုက်တစ်ခုစီတွင် ထင်ရှားသော ပရိုဖိုင်တစ်ခုကိုသာ အသုံးပြုရန် သင့်အားခွင့်ပြုပါသည်။ ပွားထားသော အကောင့်များကို အဆုံးသတ်မည် ဖြစ်ပါသည်။

ပရိုဖိုင် ရည်ရွယ်ချက်

သင့်ပရိုဖိုင် အမှန်တကယ် ချိန်းတွေ့ခြင်း သို့မဟုတ် ဆက်ဆံရေးရှာဖွေခြင်း ရည်ရွယ်ချက်များအတွက်သာ အသုံးပြုရပါမည်။ အမှန်တကယ် ချိန်းတွေ့ခြင်း သို့မဟုတ် ဆက်ဆံရေးရှာဖွေခြင်း ရည်ရွယ်ချက်များအတွက် အသုံးမပြုသော ပရိုဖိုင်များကို အဆုံးသတ်ပါမည်။ သင့်ပရိုဖိုင်တွင် မည်သည့်ငွေကြေး၊ လက်ဆောင်များ သို့မဟုတ် တန်ဖိုးရှိသောအရာများကို တောင်းဆိုခြင်း မပြုရပါ။ "အလိုလိုက်သော ဖေဖေကြီး" ပုံစံဆက်ဆံမှုများ၊ သတို့သားဖက်သို့ ငွေကြေးဥစ္စာပေးရခြင်းများ သို့မဟုတ် အလားတူ ရည်ရွယ်ချက်များအတွက် အသုံးပြုသော ပရိုဖိုင်များကို ခွင့်မပြုပါ။ အချို့သော တရားစီရင်ပိုင်ခွင့် နယ်မြေများတွင် ပြဌာန်းဥပဒေနှင့်အညီဖြစ်စေရန်အတွက် လက်ထပ်ရန် ရှာဖွေခြင်းအတွက် အသုံးပြုသော ပရိုဖိုင်များကို အချို့သော ဝဘ်ဆိုက်များတွင် ကျွန်ုပ်တို့ ခွင့်မပြုခြင်း ရှိနိုင်ပါသည်။

ပရိုဖိုင် ပိုင်ဆိုင်မှု

သင့်ပရိုဖိုင်ကို သင့်အတွက်သာ အသုံးပြုရန် ဖန်တီးသင့်ပြီး သင့်အကောင့်အား အသုံးပြုခွင့်ကို ရောင်းချခြင်း သို့မဟုတ် အကောင့်ကို တစုံတယောက်အား တနည်းနည်းဖြင့် လွှဲပေးခြင်းတို့ကို မပြုလုပ်ရပါ။

ဓာတ်ပုံများ

သင်တင်သော ဓာတ်ပုံများသည် တိကျမှုရှိကာ မည်သည့်နည်းဖြင့်မဆို အန္တရာယ်ဖြစ်စေခြင်း မရှိစေရပါ။ သင်တင်သော ဓာတ်ပုံများသည် သင့်ဓာတ်ပုံများ ဖြစ်ရပါမည်။

အောက်ပါပုံများကို ပေးပို့ခြင်း မပြုရပါ -

ယင်းအခြေအနေများအနက် တခုခုကို ချိုးဖောက်ပါက သင့်ဓာတ်ပုံကို အတည်မပြုခြင်း ရှိနိုင်ပါသည်။ အချို့သော ကိစ္စများတွင် သင့်အကောင့်အား အဆုံးသတ်ခံရခြင်း ရှိနိုင်ပါသည်။

ဆက်သွယ်ပြောဆိုခြင်း

ဖောက်သည်ဝန်ဆောင်မှုနှင့် ဆက်သွယ်ပြောဆိုခြင်း

ကျွန်ုပ်တို့ ဖောက်သည်ဝန်ဆောင်မှု ဝန်ထမ်းများနှင့့် စကားပြောဆိုရာတွင် ဆဲရေးသော၊ ညစ်ညမ်းသော၊ ဘာသာရေးကိုစော်ကားသော၊ စော်ကားသော၊ ခြိမ်းခြောက်သော၊ အနှောင့်အယှက်ပေးသော သို့မဟုတ် လူမျိုးရေးအရ စော်ကားသော အရာများ မပါဝင်ရပါ။

စော်ကားသော အပြုအမူကို သင်ပြုလုပ်ပါက သင့်မန်ဘာဝင်ခြင်းကို ချက်ချင်းအဆုံးသတ်ပိုင်ခွင့် ကျွန်ုပ်တို့တွင် ရှိပါသည်။

အခြားမန်ဘာများနှင့် ဆက်သွယ်ပြောဆိုခြင်း

ဆိုက်ပေါ်တွင်ဖြစ်စေ၊ ဆိုက်ပြင်ပတွင်ဖြစ်စေ အခြားမန်ဘာများနှင့့် စကားပြောဆိုရာတွင် ဆဲရေးသော၊ ညစ်ညမ်းသော၊ ဘာသာရေးကိုစော်ကားသော၊ စော်ကားသော၊ ခြိမ်းခြောက်သော၊ အနှောင့်အယှက်ပေးသော သို့မဟုတ် လူမျိုးရေးအရ စော်ကားသော အရာများ မပါဝင်ရပါ။ သင်သည် တောင်းဆိုခြင်းမရှိသော လိင်သဘောပါဝင်သည့် မည်သည့်မက်ဆေ့ဂျ်ကိုမျှ မပေးပို့ရပါ။ အကြမ်းဖက်မှုကို လှုံ့ဆော်သော၊ ကြမ်းကြုတ်မှုကို ထောက်ခံသော သို့မဟုတ် ကိုယ်တိုင်ထိခိုက်စေမှုကို ထောက်ခံသော မည်သည့်မက်ဆေ့ဂျ်ကိုမဆို မပေးပို့ရပါ။ ပြည့်တန်ဆာကိစ္စအတွက် ဖြားယောင်းရန် သို့မဟုတ် လူကုန်ကူးမှုကို ပြုလုပ်ရန် ရည်ရွယ်၍ ဆက်သွယ်ပြောဆိုခြင်းကို မပြုရပါ။ အမှိုက်စာ (spam) များ ပေးပို့ခြင်း၊ ဝန်ဆောင်မှုများ သို့မဟုတ် ထုတ်ကုန်များကို အရောင်းမြှင့်တင်ခြင်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခု သို့မဟုတ် ထုတ်ကုန်တစ်ခုအား အရောင်းမြှင့်တင်ရန် ရည်ရွယ်ချက်အတွက် ပြင်ပဝဘ်ဆိုက်များသို့ ရောက်ရှိစေမည့် မည်သည့်လင့်ခ်မဆို ပါဝင်သော မက်ဆေ့ဂျ်များအား ပေးပို့ခြင်းတို့ကို မပြုလုပ်ရပါ။ ယင်းတွင် စီးပွားရေးလုပ်ငန်းများ၊ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ သို့မဟုတ် မည်သည့်အမျိုးအစား အဖွဲ့အစည်းများကိုမဆို ပိုမိုသိရှိစေရန် လုပ်ဆောင်ခြင်းလည်း ပါဝင်ပါသည်။

တရားမဝင်သော မည်သည့်လုပ်ဆောင်မှုနှင့်မဆို ဆက်စပ်သော ဆက်သွယ်ပြောဆိုမှုကို သင့်လျော်သော တရားဥပဒေစိုးမိုးရေး အေဂျင်စီသို့ တိုင်ကြားခြင်း ရှိနိုင်ပါသည်။

နှောင့်ယှက်ခြင်း

ကန့်သတ်ထားခြင်း မရှိသော်လည်း မည်သည့်လိင်ပိုင်းဆိုင်ရာအရ နှင့်/သို့မဟုတ် လူမျိုးရေးအရ စော်ကားသော၊ ဆဲရေးသော၊ ခြိမ်းခြောက်သော၊ ရုန့်ရင်းကြမ်းတမ်းသော၊ ညစ်ညမ်းသော၊ နှောင့်ယှက်သော၊ အသရေဖျက်သော၊ မှားယွင်းကာ မရိုးသားသော၊ ဂုဏ်သိက္ခာကျစေသော သို့မဟုတ် ကန့်ကွက်နိုင်ဖွယ်ရာဖြစ်သော မည်သည့်အရာကိုမဆို ဖြန့်ချိခြင်းတို့ အပါအဝင် မည်သည့်ပုံစံဖြင့်မဆို နှောင့်ယှက်သော သို့မဟုတ် စော်ကားသော အပြုအမူကို ပြုလုပ်ရန် ဝန်ဆောင်မှုကို အသုံးမပြုရပါ။ သင့်အား ပိတ်ပင်ထားသောသူ သို့မဟုတ် သင်နှင့်ဆက်လက်၍ ဆက်သွယ်ပြောဆိုခြင်း မပြုလိုတော့ကြောင်း ဖော်ပြထားသူကို အကြိမ်ကြိမ်ဆက်သွယ်ခြင်း မပြုလုပ်ရပါ။ အခြားမန်ဘာအား နှောင့်ယှက်ရန်ရည်ရွယ်၍ ပွားထားသောအကောင့်များကို မပြုလုပ်ရပါ။

အရွယ်မရောက်သေးသူများနှင့့် ဆက်သွယ်ပြောဆိုခြင်း မပြုရပါ

စာရင်းသွင်းသော သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုသောသူများအားလုံးသည် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရပါမည်။ အရွယ်မရောက်သေးသူများကို ပိုမိုကာကွယ်နိုင်ရန်အတွက် နောက်ထပ်မူဝါဒများကို ကျွန်ုပ်တို့ ချမှတ်အသုံးပြုပါသည်။

သင်သည် အရွယ်မရောက်သေးသော မည်သူနှင့်မဆို မည်သည့်ပုံစံဖြင့်မဆို မသင့်လျော်သော ဆက်သွယ်ပြောဆိုမှု သို့မဟုတ် လိင်သဘောပါဝင်သော ဆက်သွယ်ပြောဆိုမှုကို မပြုလုပ်ရပါ။ ယင်းတွင် အသက်မပြည့်သေးသော သူငယ်ချင်းများ၊ ဆွေမျိုးများ သို့မဟုတ် အရွယ်ရောက်ပြီးဖြစ်ကာ ဤဝဘ်ဆိုက်တွင် မန်ဘာဝင်ထားသူများနှင့့် သက်ဆိုင်သည့် အသက်မပြည့်သေးသူများ ပါဝင်ပါသည်။ သင်သည် ဤဝဘ်ဆိုက်ကို အသုံးပြုကာ အသက်မပြည့်သေးသော မည်သူကိုမဆို ယင်းအသက်မပြည့်သေးသူနှင့် မိတ်ဆွေဖွဲ့ရန်၊ ဆက်ဆံရေးဖွဲ့ရန် သို့မဟုတ် မသင့်လျော်စွာ ပြန်လှန်ဆက်သွယ်ရန် ရည်ရွယ်ချက်ဖြင့် ဆက်သွယ်ပြောဆိုခြင်း သို့မဟုတ် နေထိုင်သည့်နေရာကို သိရှိစေရန် လုပ်ဆောင်ခြင်းကို မပြုလုပ်ရပါ။

အသက်မပြည့်သေးသူတစ်ဦးနှင့် မည်သည့်တရားမဝင်သော သို့မဟုတ် မသင့်လျော်သော ဆက်သွယ်ပြောဆိုမှုများ သို့မဟုတ် မသင့်လျော်သော အပြုအမူကိုမဆို သင့်လျော်သော တရားဥပဒေစိုးမိုးရေး အေဂျင်စီသို့ အသေးစိတ်တိုင်ကြားမည် ဖြစ်ပါသည်။

အကောင့်ဘေးကင်းရေး

ကောင်းမွန်သော ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများကို မလိုက်နာသော မန်ဘာများသည် အခြားမန်ဘာများကို အတုပြုလုပ်ခြင်းနှင့် သက်ဆိုင်သော အန္တရာယ်ရှိစေသည့်အပြင် အခြားမန်ဘာများ၏ မကောင်းသော အပြုအမူကို အားပေးခြင်းလည်း ဖြစ်ပါသည်။ သင့်အကောင့်ကို ဘေးကင်းကာ လုံခြုံသောပုံစံဖြင့် အမြဲတမ်း လုပ်ဆောင်အသုံးပြုရပါမည်။ ယင်းတွင် ဤအသိုင်းအဝိုင်း လမ်းညွှန်ချက်များအား လိုက်နာခြင်းလည်း ပါဝင်ပါသည်။

ငွေကြေးပေးပို့ခြင်း

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုမှတဆင့် ဆက်သွယ်ပြောဆိုခဲ့သော သို့မဟုတ် တွေ့ဆုံခဲ့သော မည်သူကိုမဆို ငွေကြေးပေးပို့ခြင်း သို့မဟုတ် သင့်ငွေကြေးဆိုင်ရာ သတင်းအချက်အလက်အား ပေးခြင်းတို့ကို မပြုလုပ်ရပါ။

အကယ်၍ တစုံတယောက်က သင့်ထံမှ ငွေကြေးဖြားယောင်းရန် သို့မဟုတ် သင့်ငွေကြေးဆိုင်ရာ သတင်းအချက်အလက်ကို ရယူရန် ကြိုးစားပါက ကျွန်ုပ်တို့ထံ ချက်ချင်းတိုင်ကြားပါ။

သွေးဆောင်လှုံ့ဆော်ခြင်း

သင်သည် မည်သည့် ငွေကြေးများ၊ ကြော်ငြာခြင်းကို သွေးဆောင်လှုံ့ဆော်ခြင်း သို့မဟုတ် ကုန်ပစ္စည်းများကို သွေးဆောင်လှုံ့ဆော်ခြင်းတို့မဆို ပါဝင်သော မည်သည့်အရာကိုမဆို ဖြန့်ချိန်ရန်၊ အရောင်းမြှင့်တင်ရန် သို့မဟုတ် တနည်းနည်းဖြင့် ဖြန့်ချိရန် ဝန်ဆောင်မှုကို အသုံးမပြုရပါ။ ယင်းသို့ပြုလုပ်ခြင်းဖြင့် သင့်အကောင့်ကို အဆုံးသတ်လိုက်ခြင်း ခံရနိုင်ပါသည်။

ဆိုက်လုံခြုံရေးနှင့် ဝင်ရောက်အသုံးပြုမှု

သင့်စကားဝှက်ကို မျှဝေခြင်း သို့မဟုတ် သင့်အကောင့်ကို ဝင်ရောက်အသုံးပြုရန် မည်သူကိုမဆို ခွင့်ပြုခြင်း သို့မဟုတ် သင့်အကောင့်အား အန္တရာယ်ရှိစေသော မည်သည့်အရာကိုမဆို ပြုလုပ်ခြင်းကို မပြုလုပ်ရပါ။

မည်သည့်ကွန်ပျူတာ ဆော့ဖ်ဝဲ သို့မဟုတ် ဟာ့ဒ်ဝဲ၏ လုပ်ဆောင်နိုင်မှုကိုမဆို အကန့်အသတ်ဖြစ်စေရန် သို့မဟုတ် ဖျက်ဆီးရန်အတွက် ဒီဇိုင်းဆွဲထားသော ဗိုင်းရပ်စ်များ သို့မဟုတ် အခြားကွန်ပျူတာကုဒ်များ၊ ဖိုင်များ သို့မဟုတ် ပရိုဂရမ်များပါဝင်သော အရာများကို တင်ခြင်း သို့မဟုတ် ပေးပို့ခြင်း မပြုလုပ်ရပါ။

အကောင့်ဝင်ရန် သို့မဟုတ် ဝန်ဆောင်မှုကို တနည်းနည်းဖြင့်အသုံးပြုရန်အတွက် လူသားမဟုတ်သော သို့မဟုတ် အလိုအလျောက်လုပ်ဆောင်သော ဘော့ (bot) များကိုအသုံးပြုခြင်း မပြုလုပ်ရပါ။

အကောင့်ကို အသုံးမပြုခြင်း

အသုံးမပြုသော အကောင့်များကို ကျွန်ုပ်တို့ အခါအားလျော်စွာ အဆုံးသတ်ပါသည်။ သင့်အကောင့်အား သက်ဝင်နေစေရန်နှင့် အဆုံးသတ်ခြင်း မခံရစေရန်အတွက် ပုံမှန်အကောင့်ဝင်ပေးပါ။

အနိုင်ကျင့်မှု သို့မဟုတ် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်း လမ်းညွှန်ချက်များအား ချိုးဖောက်မှုကို တိုင်ကြားခြင်း

ကျွန်ုပ်တို့၏ ဆက်သွယ်ရန်ပုံစံ ကို ဖြည့်ခြင်းဖြင့် အနိုင်ကျင့်မှု သို့မဟုတ် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်း လမ်းညွှန်ချက်များအား ချိုးဖောက်မှုကို သင်တိုင်ကြားနိုင်ပါသည်။ မန်ဘာ၏ပရိုဖိုင် သို့မဟုတ် မက်ဆေ့ဂျ်မှတဆင့် တိုက်ရိုက်တိုင်ကြား၍လည်း ရနိုင်ပါသည်။ အနိုင်ကျင့်မှုအား တိုင်ကြားပုံနှင့် ပတ်သက်၍ ပိုမိုအသေးစိတ်သိရှိလိုပါက ကျွန်ုပ်တို့၏ အွန်လိုင်းအကူအညီ စာမျက်နှာ ကို ကြည့်ပေးပါ။

အခြားမန်ဘာတစ်ဦးကို တိုင်ကြားရာတွင် သတင်းအချက်အလက်နှင့် အထောက်အထားကို သင်တတ်နိုင်သလောက် များများထည့်ပေးပါ။

ဘေးကင်းစွာ နေရန်အတွက် နောက်ထပ်သတင်းအချက်အလက်

နောက်ထပ် ဘေးကင်းစွာချိန်းတွေ့ခြင်း သတင်းအချက်အလက်အတွက် အောက်ပါဝဘ်ဆိုက်သို့ သွားပေးပါ - http://www.onlinedatingsafetytips.com

နောက်ထပ် သတင်းအချက်အလက်၊ စည်းကမ်းချက်များနှင့် ဖွင့်ဆိုချက်များအတွက် ကျွန်ုပ်တို့၏ အသုံးပြုရန် စည်းမျဉ်းများ နှင့် ကိုယ်ရေးလုံခြုံမှု ဖော်ပြချက်တို့ကို ကြည့်ပေးပါ။